24/04/2012

windows xp account Administrator passwordဖေါက်နည်း

Administrator Account password ပြန်ဖျက်နည်း

ကွန်ပျူတာမှာ built-in account Administrator မှာ password ပေးမထားရင်တော့ Ctrl+Alt+Del ကိုနှိပ်ပြီးတော့ user နေရာမှာ
Administrator လို့ရိုက်ပြိးဝင်ရင်ရနိုင်ပါတယ်။
ဒီလိုမှမလုပ်ချင်ရင် computer ကို restart လုပ်ပြီး computer တက်လာလို့ "တီ" ဆိုတဲ့အသံလေးကြားလာခဲ့ရင် F8 ကိုနှိပ်ပြီး
Advanced Menu Option မှ Safe Mode ကိုဝင်ပြီး အဲဒီအချိန်မှာ built-in account Administrator ကို password ပေးမထားဘူးဆိုရင် OK ကိုနှိပ်ပြီးတခါတည်းဝင်ရောက်နိုင်ပါ
တယ်။ အထဲကိုရောက်ပြီးရင် Administrator Tool ထဲမှာ Computer Menagement tool ကိုခေါ်ယူပါ။ ၄င်းထဲတွင်
Local User and Group ထဲမှ User ထဲမှကိုယ့်ရဲ့ Administrator
account ကို Right Click နှိပ်ပြီး Dialog box ပေါ်လာရင် password process ကို click နှိပ်ပြီး password ကိုဖျက်ကာpassword အသစ်ဖြင့်ဝင်အောင်နိုင်ပါသည်
အဆင်ပြေကျပါစေနော်.....ကျော်ကျော်မိုး