24/08/2012

Huawei C8650 နှင့် C8800 ဖုန်းများအတွင်းသို့ Myanmar Font နှင့် Keyboard ထည့်သွင်းပုံ



ပြည်တွင်းတွင် CDMA 800 MHz ဖုန်းများ အသုံးပြုမှုများလာသည်နှင့် အမျှ 800 MHz ဟန်းဆက်များတွင် လူသုံးများသော ဟန်းဆက်များမှာ C8650 နှင့် C8800 ဖုန်းများဖြစ်နေတာကို တွေ့ရှိရပါတယ်။ ယင်းဖုန်းနှစ်မျိုးကို မြန်မာစာ Fonts ထည့်သွင်းရန် အရင်ဆုံး Root ပြုလုပ်ရန် လိုအပ်ပါတယ်။ ထိုကဲ့သို့ Root ပြုလုပ်ပုံအသေးစိတ်ကိုတော့သိလောက်ပီထင်ပါတယ်ဗျာ..
ယခု Huawei C8650 ကို Myanmar Font ထည့်သွင်းခြင်းကို စတင်ဖေါ်ပြပေးမှာဖြစ်ပါတယ်။ Font ထည့်သွင်းရန် လိုအင်သော Software များမှာ Root_Explorer , DroidSansFallback.ttf, MyanDroid-Soft-Keyboard စသည်တို့လိုအပ်ပါတယ်။ ယင်း Software များအားလုံးကို အောက်မှာတင်ပေးထားပါတယ်။
Software များအားလုံးရရှိပြီဆိုရင် ဖုန်းကို ကွန်ပျူတာနှင့် ချိတ်ဆက်ပြီး SD ကဒ်အတွင်းသို့ထည့်၍ Root_Explorer နှင့် MyanDroid-Soft-Keyboard တို့ကို ဖုန်းတွင် Install ပြုလုပ်ပေးရပါမည်။ Install ပြုလုပ်ပြီးပါက Root_Explorer အတွင်းရှိ System အတွင်းသို့ဝင်၍ app အတွင်းသို့ ထပ်မံဝင်ရောက်ရပါမည်။ Install ပြုလုပ်ပြီးပါက Root_Explorer အတွင်းရှိ System အတွင်းသို့ဝင်၍ app အတွင်းသို့ဝင်ရောက်ပြီးပါက Screen ထိပ်နားရှိ Mount R/W ကိုတစ်ချက်နှိပ်၍ Mount R/O ကိုပြောင်းပေးပြီး SogouInput.apk ဖိုင်ကို Delete ပြုလုပ်ပေးရမည်ဖြစ်သည်။
ထိုကဲ့သို့ Delete ပြုလုပ်ရာတွင် အခြားသော ဖိုင်များကို မှားယွင်းဖျက်မိခြင်းမရှိစေရန် သတိပြုရပါမည်။
ပြီးနောက် Root_Explorer အတွင်းရှိ sdcard အတွင်းသို့ဝင်၍ DroidSansFallback.ttf ကို Copy ကူး၍ အပြင်ဘက်ရှိ System အတွင်းရှိ fonts ထဲသို့ဝင်၍ Screen အပေါ်ရှိ Mount R/W ကိုတစ်ချက်နှိပ်၍ Mount R/O သို့ပြောင်းပေးပြီး Paste ပြုလုပ်ပေးရမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ပြီးပါက ယင်း Paste လုပ်လိုက်သော Fonts ကိုဖိနှိပ်ထားပြီး Options ပေါ်လာပါက Permissions ကို နှိပ်၍ ပုံပါအတိုင်းအမှန်ခြစ်များပေးရမည်ဖြစ်သည်။


Root_Explorer အတွင်းရှိ sdcard အတွင်းသို့ဝင်၍ DroidSansFallback.ttf ကို Copy ကူးပါ။
Copy ကူးလာသော DroidSansFallback.ttf ကို မျှားပြထားသော Font ဖိုင်အတွင်းသို့ Paste ပြုလုပ်ပါ။
Paste လုပ်ပြီးသော DroidSansFallback.ttf ကို Option အတွင်းရှိ Permissions ကိုနှိပ်၍ ပုံပါအတိုင်း အမှန်ခြစ်ပေးပါ။
ပြီးနောက်ဖုန်း Setting အတွင်းရှိ Language & Keyboard အတွင်းသို့ဝင်၍ MyanDroid Soft Keyboard ကိုအမှန်ခြစ်ပေးပြီး စတင်အသုံးပြု၍ရပြီဖြစ်သည်။ အထက်ပါအဆင့်များအားလုံး ပြုလုပ်ပြီးပါက Huawei C8650 အတွင်းသို့ မြန်မာစာ Font နှင့် Keyboard ထည့်သွင်းခြင်းပြီးဆုံးပြီဖြစ်သည်။
Huawei C8800 အတွင်းသို့ Myanmar Font နှင့် Keyboard ထည့်သွင်းပုံမှာ C8650 ထည့်သွင်းသည့် ပုံစံအတိုင်း ပြုလုပ်ရမည်ဖြစ်သော်လည်း C8800 တွင်မှု Sogoulnput.apk ဖိုင်ကို Delete ပြုလုပ်ပေးရန်မလိုအပ်ပေ။ ကျန်အဆင့်များမှာ C8650 ပြုလုပ်သည့် ပုံစံအတိုင်ပင်ဖြစ်သည်။
မှတ်ချက်။        ။ အထက်ပါ Myanmar Font ထည့်သွင်းခြင်းမှာ မှားယွင်းမှုတစ်စုံတစ်ရာရှိခဲ့ပါက ဖုန်းပျက်တတ်သောကြောင့် တစ်ဆင့်ခြင်းကို သေချာစွာ ပြုလုပ်ရန်လိုအပ်ပါသည်။ မှားယွင်းပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသောအနဲငယ်ဆုံးရုံးသွားပါကတာဝန်ယူမည်မဟုတ်ပါ
သို့သော်ခုပေးတဲ့မော်ဒယ်နံပတ်နဲ့ဆိုင်ရာဆိုင်ရာကိုရွေးရန်လိုအပ်သလိုကျနော်ပြောထားသလိုလဲနေရာလေးတွေလွဲနေတတ်ပါတယ်..

အဆင်ပြေမယ်လို့ပဲမျှော်လင့်နေမယ်နော်...အခက်ခဲဖြစ်နေပါက(ပြန်လည်ဆက်သွယ်ပါ(email:kyawkyawmoe594"gmail.com)




Download link:Root.zip
Download link:z-4-root1.apk
Download link:fontchanger.zip
Download link:Keyboard%20(1.1.91).apk
Download link:netqinanti_2iv1668o.apk

Rootလုပ်မယ်

Root ဆိုတာဘာလဲ???
Linux OS မှာတော့ Root ကို Administrator အဖြစ် သတ်မှတ်ပါတယ်။ Windows Platform မှာတော့ Admin Level တစ်ယောက်အနေဖြင့် Full Permission ကို အပြည့်အဝရပါတယ်။ Linux Platform မှာတော့ Root Level တစ်ယောက်အနေဖြင့် Full Permission အပြည့်အဝရသည့်အပြင် Open Source ဖြစ်သည့်အတွက် System အပိုင်းထိပါ ကိုင်တွယ်နိုင်ပါတယ်။

Android OS မှာ ဘာလို့ Root လုပ်ကြတာလဲ???
အထက်မှာ ရှင်းပြခဲ့သည့် Root Level အကြောင်းကို အထိုက်အလျောက်နားလည်မည်ဆိုပါက ဘာကြောင့် Root လုပ်တယ်ဆိုတာကို ဆက်စပ်တွေးကြည့်လို့ရပါတယ်။ အလွယ်ပြောရရင် ဖုန်းမှာ ပါဝင်ပြီးသား System and Application တွေအပြင် ပိုသုံးချင်သူ၊ ပိုကလိချင်သူတွေက Root လုပ်ကြပါတယ်။ ( ကျွန်တော် အပါအဝင်ပေါ့...။ ) အဲလို ကလိနိုင်ဖို့အတွက် Android ဖုန်းကို Root လုပ်ကြပါတယ်။ iphone မှာတော့ ဒါကို Jail break လုပ်တယ်လို့ ခေါ်ပါတယ်။
စာဖတ်သူက Andorid ဖုန်း အသုံးပြုသူဆိုရင်တော့ အောက်ပါ အဆင့်တွေအတိုင်း လွယ်ကူစွာ Root လုပ်နိုင်ပါတယ်။

Root လုပ်ဖို့အတွက် Root Application တစ်ခုလိုပါတယ်။ သို့သော် မိမိကိုင်ဆောင်သော ဖုန်း၏ Brand and Model ကို လိုက်ပြီး Root လုပ်နိုင်တဲ့ Application တွေကို သေချာရွေးချယ်ဖို့လိုပါတယ်။ ယခု စာရေးသူဖော်ပြပေးမည့် Z4root တွင်လည်း သူနဲ့ Compatible ဖြစ်သည့် ဖုန်းအမျိုးအစားများကို ဖော်ပြပေးထားပါတယ်။ မိမိ၏ ဖုန်းအမျိုးအစား အတိအကျ ပါဝင်မှသာလျင် Root လုပ်ပါရန် ကြိုတင် သတိပေးအပ်ပါသည်။


Z4root
Compatible with Permanent Root Option

Samsung Galaxy S (All variants)
Backflip
Sony X10
Xperia Mini
Droid 2
Galaxy Tab
Galaxy I5700
Galaxy 3 I5800
Droid X
Samsung Acclaim
Cricket Huawei Ascend
Motorola Cliq
Huawei 8120
Huawei C8500
Huawei C8600
Hero
G1
Optimus T
Droid 1
Garmin Asus A50
Motorola Defy
LG Ally
Motorola Flipside
Motorola Milestone 2
Dell streak
X10 Mini Pro
Smartq v7 android 2.1

( Reference by xda-developers.com )

အထက်ဖော်ပြပါ ဖုန်းအမျိုးအစားတွင် ပါဝင်မှသာလျင် Z4root.apk ကို Download လုပ်ယူပါ။

Download: Z4root 1.3.0.apk

1. Z4root.apk ကို မိမိဖုန်း၏ SDcard တွင် ထည့်သွင်းပါ။

2. မိမိ Android ဖုန်း၏ Menu တွင် File Manager ကို ရှာပါ။ ဝင်ပါ။ SDcard ကိုသွားပါ။ အဲမှာ ခုနက ကူးထည့်ထားတဲ့ Z4root.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီးနောက် Application အား တန်းသုံးလိုပါက Open လုပ်နိုင်သလို Done မှာ နှိပ်ပါက Application ထည့်သွင်းမှု ပြီးဆုံးသွားပါမည်။

3. Z4root Application ကို အသုံးပြုကြည့်ပါမယ်။ Menu ထဲတွင်Z4root ကို ရှာပါ။ ဝင်ပါ။ ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။ လေ့လာကြည့်ပါ။



4. ဒီအဆင့်မှာ Root လုပ်ဖို့အတွက် ရွေးချယ်စရာ နှစ်ခုရှိပါမယ်။ Temporary Root နဲ့ Permanent Root ပါ။

Temporary Root ကိုရွေးချယ်ပါက Root ကို ယာယီ လုပ်ပေးတာပါ။ ဖုန်းကို ပိတ်မိပြီး ပြန်ဖွင့်ပါက UnRoot ဖြစ်သွားပါတယ်။

ဒါကြောင့် အမြဲတန်း Root အဖြစ်ထားလိုပါက Permanent Root ကို ရွေးချယ်ရပါမည်။ Permanent Root ကို ​ရွေးချယ်ပြီးပါက Rooting လုပ်နေပါမည်။ ပြီးပါက ဖုန်းကို Restart ချသွားပါမည်။ Android OS ပြန်လည်တက်ပြီးပါက Menu ထဲတွင် SuperUser ဆိုသည့် Application Icon တစ်ခုပေါ်နေပြီ ဆိုပါက Android OS ကို Root လုပ်တာ အောင်မြင်ပါပြီ။



Root လုပ်ပြီးပြီဆိုတော့ ကြိုက်ရာ Android Application တွေ၊ မြန်မာဖောင့်တွေ၊ မြန်မာလက်ကွက်တွေနှင့် တခြားကလိစရာတွေ အများကြီးထည့်သွင်း အသုံးပြုနိုင်ပါပြီ။ ဒါပေမဲ့ ကိုယ်ဖုန်းက Root လုပ်ပြီးသုံးနေတာဆိုတာကိုလဲ မမေ့ပါနဲ့လေ...။ Root လုပ်ထားတော့ ကိုယ်ဘာလုပ်လုပ်အတားအစီးမရှိ ကလိလို့ရနေမှာပါ။ တချို့ System အပိုင်းတွေကို ထိခိုက်သွားမယ်ဆိုရင်တော့ စာရေးသူဖြင့် မည်သို့မှ
ကျွန်တော်တစ်ခုပြောချင်တာကတော့အစဦးလုပ်ဖူးကိုင်ဖူးတာဆိုရင်သေချာဂရုစိုက်လုပ်စေချင်တယ်ဗျာအခကိမသင့်ရင်compuiter
windowမတက်တဲ့ထိဖြစ်နိုင်သွားပါတယ်.....ဗျာ....အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်..နောက်လဲဆက်တင်သွားမည်(mobileနဲ့ပတ်သက်တာသိတာအကုန်တင်ပေးသွားမည်..
.