17/05/2012

ဝင်းဒိုးမကြာခဏပြုတ်ကျနေပါကဖြေရှင်းနည်း

အငယ်စား - အများဆုံးကတော့ Software Patch တစ်ခုခုကြောင့်ဖြစ်နိုင်ချေရှိပါတယ်။ Windows ကို automatic update လုပ်ဖို့ Settingလုပ်ထားခဲ့ရင် ကိုယ်သတိမထားမိလိုက်ဘဲ System ဖိုင်တွေကိုပြောင်းသွားနိုင်ပါတယ်။ System ဖိုင်တွေပဲဖြစ်ဖြစ်၊ driverဖိုင်တွေပဲဖြစ်ဖြစ် update လုပ်လိုက်ပြီဆိုရင် မူလ setting ကို ကွန်ပြူတာကအလိုအလျောက်မှတ်ထားပေးပါတယ်။ တကယ်လို့ ပြဿနာတစ်ခုခုရှိခဲ့ မယ်ဆိုရင်နဂိုမူလပုံစံအတိုင်း ပြန်ထားပေးလို့ရပါတယ်။ XP မှာဆိုရင်တော့ SystemRestore ကိုသုံးရင်သုံး၊ ဒါမှမဟုတ် ကွန်ပြူတာကို Restart လုပ်၊ “တီ”ဆိုတဲ့ အသံကြားကြားချင်း F8 နှိပ်၊ Last Known Good Configurationကိုရွေးပြီး boot လုပ်လိုက်ရင် ပြေလည်သွားပါလိမ့်မယ်။အလတ်စား -Last Known Good Configuration ကမကယ်နိုင်ဘူးဆိုရင်တော့hardware ပစ္စည်းတစ်ခုခု၊ ဒါမှမဟုတ် System Softwareတစ်ခုခုပျက်သွားတာဖြစ်နိုင်ပါတယ်။ သေသေချာချာ သိနိုင်အောင် Safe Modeနဲ့ဝင်စစ်ဆေးကြည့်နိုင်ပါတယ်။ Safe Mode ဆိုတာကတော့ မရှိမဖြစ်လိုအပ်တဲ့Keyboard, Mouse, Monitor driver တွေကလွဲရင် ကျန် driver တွေအားလုံးကိုဖြုတ်ချထားတဲ့ diagnosis လုပ်ဖို့ အထူးစီမံထားတဲ့စနစ်တစ်ခုပါ။SafeMode ထဲဝင်ဖို့ ကွန်ပြူတာကို reboot လုပ်ပြီး screen အမဲကြီးပေါ်လာတာနဲ့ F8 ကိုနှိပ်လိုက်ရင် Windows ကိုဘယ်လို Mode နဲ့ bootလုပ်မလဲဆိုတာကို ရွေးပေးလို့ရတဲ့ menu ပေါ်လာပြီး အဲဒီက တစ်ဆင့် SafeModeကိုရွေးကာ enter ခေါက်လိုက်ရင် ရပါတယ်။Graphic Card driver ကိုပါဖြုတ်ထားမှာဖြစ်တဲ့အတွက် ပုံမှန်မြင်နေကျ လှလှပပပုံစံနဲ့မြင်ရမှာတော့မဟုတ်ပါဘူး။ Hardware ကြောင့် ပြဿနာဖြစ်နေတာလားသိနိုင်ဖို့ Start >Control Panel > Performance and Maintenance > System >Hardware > Device Manager ကိုသွားပြီး စစ်ဆေးကြည့်နိုင်ပါတယ်။အ၀ါရောင် question mark လေးတွေမြင်နေရပြီဆိုရင်တော့ အဲဒီ deviceမှာပြဿနာရှိနေပါပြီ။ Double click နှိပ်ပြီး ပေါ်လာတဲ့ message အပေါ်မူတည်ကာဆက်လက် ဖြေရှင်းသွားရပါမယ့်။ Software တစ်ခုခု install လုပ်ပြီးမှစက်ကမတတ်တော့တာဆိုရင်တော့ Start > Control Panel > Add or RemovePrograms ကိုသွားပြီး အဲဒီ Program ကို unistall လုပ်နိုင်ပါတယ်။ အစစအရာရာစစ်ဆေးပြီးရင် စိတ်ချရပြီဆိုရင်တော့ စက်ကို ပုံမှန်အတိုင်းပဲ rebootလုပ်ပြီး ဆက်သုံးနိုင်ပါပြီ။အပြင်းစား - Safe Mode နဲ့မကယ်နိုင်ဘူးဆိုရင်တော့ သိပ်မလွယ်ပါဘူး။ Windowsရဲ့ System ဖိုင်တွေမှာ ပြဿနာရှိနေတာ ဖြစ်နိုင်ပါတယ်။ Hard disk ကိုformat မကျွေးခင် ရလို့ရငြား Repair လေးလုပ်ကြည့်လိုက်ပါဦး။ WindowsInstaller CD လေးနဲ့ boot လုပ်ပြီး “To set up Windows XP now” ကိုရွေးကာenter ခေါက်၊ license agreement ကို accept လုပ်ပြီး အရင်ရှိပြီးသားWindows ရဲ့ Installed path ကိုလာပြပါလိမ့်မယ်။ အများအားဖြင့် C:\WINDOWSဖြစ်လေ့ရှိပါတယ်။ အဲဒီမှာ “To repair the selected Windows XPInstallation” အတွက် R ကိုနှိပ်လိုက်ရင် Windows ရဲ့ဖိုင်တွေကို reinstallလုပ်သွားပြီး စက်က restart လုပ်သွားပါလိမ့်မယ်။ကံကောင်းထောက်မလို့စက်ပြန်တက်လာပြီ ဆိုရင်တော့ firewall ကို On ထားပြီးမှStart > All Programs > Windows Update ကိုသွားကာ patch တွေကိုအင်တာနက်ကတစ်ဆင့် install လုပ်နိုင်ပါပြီ။


CD, DVDကူးရင်ဖြစ်တတ်သည်ပြသနာ

CD, DVD Recorder and Media player တွေဟာ သူတို့ရဲ့ တာဝန်ဝတ္တရားကို ကျွမ်းကျင်ကျင် ဆောင်ရွက်ပေးနိုင်ကြသလို stable ဖြစ်တဲ့ ထုတ်ကုန်တွေလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အသုံးပြုတဲ့သူတွေက သတိလက်လွတ် လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် burn လုပ်ရာ မှာ ပျက်စီးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အခု Brun လုပ်ရာမှာ အဖြစ်များတတ်တဲ့ အမှား ငါးခု နဲ့ဘယ်လို ရှောင်းရှားနိုင်လဲဆိုတာကိုဖော်
ပြသွားပါမယ်။

၁။ Verify မလုပ်မိခြင်း

Disc တွေ Burn လုပ်တာနဲ့ပတ်သက်ပြီး သတ်မှတ်ချက်တစ်ခုရှိမယ်ဆိုရင် အဲဒါဟာ “Verify လုပ်ပါ” ဆိုတာပဲ ဖြစ်ပါလိမ့်မည်။ Burning software ရဲ့ verify (ဒါမှမဟုတ် validate) function ကိုအသုံးပြုပြီး ဘာတွေဖတ် သွားတယ်၊ ရေးသွားတယ်ဆိုတာ နှိုင်းယှဉ်ကြည့် သင့်ပါတယ်။ Verify function ဟာ disc တစ်ချပ် အောင် အောင်မြင်မြင် burn လုပ်နိုင်တဲ့ အခွင့်အရေးထက် ပိုပြီး ကောင်းမလာနိုင်ပေမယ့် နောက် disc တစ်ချပ်ကို burn လုပ်တဲ့အခါ ပြဿနာကို အချိန်မီ ကြိုတင်သိထားနိုင်မှာ ဖြစ်ပါတယ်။ Successful burn လို့ ဆိုပေမယ့် Play လုပ်ကြည့်မှသာ ကောင်းမကောင်းသိနိုင်ပါတယ်။ Disc ပျက်စီးသွားတာမျိုး၊ disc ကို ဖတ်ကြည့်လို့ မရအောင် burn လုပ်မိတာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။

၂။ Media ရွေးချယ်မှု မှားယွင်းခြင်း

DVD တွေအတွက်ဆိုရင် DVD+R/RW, DVD-R/RW ၊ ဒါမှမဟုတ် DVD-RAM စတဲ့ ကိုယ့် Player က support လုပ်နိုင်တဲ့ media အမျိုးအစားကို ရွေးချယ်အသုံးပြုရပါမယ်။ တကယ်လို့ ဈေးပေါပေါနဲ့အမှတ်တံဆိပ်မရှိတဲ့ blank media ( CD or DVD) တွေကို ၀ယ်ယူ အသုံးပြုမယ်ဆိုရင် verify လုပ်ဖို့ မမေးသင့်သလို ရံဖန်ရံခါ အရည်အသွေးမကောင်းတဲ့ disc တွေ ပါရှိလာမှာကိုလည်း သတိပြုသင့်ပါတယ်။ နောက်ပြီး DVD media တွေဟာ CD media တွေထက် reliable ပိုဖြစ်တာကိုလည်းတွေ့ရပါတယ်။

၃။ မြန်နှုန်းမြင့်ရေးမိခြင်း


Disc တစ်ချပ် burn လုပ်ဖို့ အချိန်အကြာကြီး စောင့်နေရတာကိုဘယ်သူမှ နှစ်သက်မှာမဟုတ်သလို မြန်နိုင် သမျှ မြန်အောင် burn လုပ်တာဟာလည်း အကောင်းဆုံးနည်း တစ်ခု မဟုတ်ပါဘူး။ Rewritable CD and DVD တွေမှာ burning ပြဿနာ ကြုံတွေ့ရတာနည်း ပေမယ့် တစ်ခါတစ်လေ တချို့ CD-R and DVD-R တွေကို အမြင့်ဆုံး အမြန်နှုန်းနဲ့ရေးသားတဲ့ အခါ ပြဿနာတွေ့ကြုံရတတ်ပါတယ်။ နောက်ပြီး အမြန်နှုန်း တစ်ခု နဲ့ တစ်ခုကြား burn လုပ်တဲ့ အချိန်ဟာ သိသိသာသာ ကွာခြားမှုမရှိတဲ့အတွက် ဖြစ်နိုင်ရင် အမြန်နှုန်းကို လျှော့ချပြီး burn လုပ်သင့်ပါတယ်။

၎။ Software တွေ up-to-date မဖြစ်ခြင်း

ပြိုင်ဆိုင်နေကျတဲ့ ဈေးကွက်အတွင်းမှာ burner ကိုဝယ်ယူစဉ်ကပါရှိလာတဲ့ firmware၊ ဒါမှမဟုတ် Software ဟာ ပြည့်စုံတိကျမှု ရှိချင်မှ ရှိပါလိမ့်မည်။ Burner ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိဘူးဆိုရင် ထုတ်လုပ်ရောင်းချသူရဲ့ Website မှာ Update ဖြစ်မယ့် Software တွေရှာဖွေအဆင့်မြှင့်ပေးရပါမယ်။ တကယ်လို့ disc တွေကို burn လုပ်ရာမှာ ပြဿနာမရှိဘဲ ကောင်းမွန်နေတယ်ဆိုရင်တော့ update လုပ်စရာ မလိုပါဘူး။ တကယ်လို့ disc အမှတ်တံဆိပ်အသစ်တစ်ခုပြောင်းလဲအသုံးပြုလိုက်လို့ drive မှာ ပြဿနာ ဖြစ်နေတယ်ဆိုရင် firmware၊ ဒါမှမဟုတ် Software update တစ်ခုနဲ့ update လုပ်တာဟာ အကောင်းဆုံးဖြစ်ပါတယ်။

၅။ Application အများအပြား run နေစဉ် burn လုပ်ခြင်း

ဒီနေ့ခေတ်မှာ အသုံးပြုနေကြတဲ့ PC တွေဟာ disc တွေ burn လုပ်နေချိန်မှာ တခြားလုပ်ငန်းတွေ တစ်ပြိုင်တည်း ဆောင်ရွက်နိုင်အောင် လိုအပ်တဲ့ အမြန်နှုန်းထက် ပိုပြီး ပါဝါရှိကြပါတယ်။ ဒါပေမဲ့ တစ်ပြိုင်တည်း အလုပ်လုပ်နေတဲ့ application တွေကို တတ်နိုင်သလောက် လျှော့ချထားမယ်ဆိုရင် disc တွေ အောင်မြင်စွာ burn လုပ်နိုင်မယ့် အခွင့်အလမ်းတွေ တိုးတက်လာမှာဖြစ်ပါတယ်။ Multitasking၊ ဒါမှမဟုတ် background မှာ burn လုပ်တာကို ရှောင်သင့်ပါတယ်။ဖြစ်နိုင်မယ်ဆိုရင်တော့ burn လုပ်နေတဲ့အချိန်မှာ တခြား application တွေrun မလုပ်တာဟာ အကောင်းဆုံးပါ။

ကွန်ပြူတာမှာUSB driveပျောက်ဆုံးချင်းပြသနာဖြေရှင်းနည်း

ဟဲ..အတတ်ကြီးတော့မဟုတ်ပါဘူး..ကျွန်တော်ကိုတိုင်ဖြစ်ဖူးလို့ကလိလို့တွေ့လာတာ..ဟီးဟီး
မသိသေးသူများအတွက်ပါ..တခါတရံ USB drive ထိုးထားသော်လည်း
ဘာမှတတ်မလာတာတွေ့ရတတ်ပါတယ်.My Computer ထဲမှာရှာကြည့်တော့လည်း ပျောက်နေပြန်ရော....
အဲဒီအခါ ဒီလိုလေးလုပ်ကြည့်ပါ..My Computer ပေါ်မှာ Rright Click နှိပ် ပြီးရင် Manage...

ပီးတော့ Storage အောက်က Disk Management နှိပ်....

အဲဒီအခါ ညာဘက်ခြမ်းမှာမိမိ computer နဲ့ဆက်သွယ်ထားတဲ့ drive တွေအားလုံးတွေ့ရမှာပါ..

ပီးရင် မိမိလိုချင်တဲ့ drive ပေါ်မှာ Right Click နှိပ် Change Drive Letter and Paths...ကိုရွေး
ပြီးတော့ Change ပေါ့..

အဲဒီအခါ မှာ drive letter ကိုရွေးရပါမယ်..ပုံမှာပြထားတဲ့အတိုင်း F ကိုရွေးလိုက်ပါ

ပြီးရင် OK နှိပ်...ပြီးတော့ ပုံမှာပြထားတဲ့အတိုင်းပေါ်လာရင် Yes ကိုရွေးလိုက်ပါ..

ကျော်ကျော်မိုး)
အဲဒါဆို ရင်ရပါပြီ...အားလုံးအဆင်ပြေကြပါစေ.

computerအမြန်အသုံးပြုချင်လား

မိမိ သုံးနေသော ကွန်ပျူတာကို ပို၍မြန်ဆန်စွာ အသုံးပြုနိုင်ဖို့
အတွက်နည်းအမျိုးမျိုးရှိပါတယ်။ ကျွန်တော်လက်တွေ့အသုံးပြု
နေတဲ့နည်းလေးကိုပဲ ပြန်လည် မျှဝေလိုက်ပါတယ်။

ကွန်ပျူတာသုံးသော မိတ်ဆွေအတွက်အဓိက ပြသာနာ တစ်ခုက
ဖိုင်တစ်ခုခု ဖွင့်ရင် အရမ်းကြာနေ၍ စောင့်ရတာမျိုးတွေ ရှိနေတတ်
ကြပါတယ်။ သားတို့တွေက လူငယ်တွေဆိုတော့ ဘာကိုမှ မစောင့်ချင်
ဒါမျိုးဆို စိတ်ကတိုရော ... ဘယ်သူမှ မစောင့်ချင်ကြဘူးနော်။

ဒီတော့ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပါ့မယ်။ မိမိသုံးနေတဲ့
ကွန်ပျူတာကို မြန်ဆန်လာဖို့အတွက် Hard Disk ကိုတစ်လတစ်ခါ
လောက်တော့ Defrag လုပ်ရပါတယ်။ တကယ်တော့ Data ဝင်ယူနေတဲ့
နေရာနဲ့ Data မရှိတဲ့နေရာလွတ်တွေကို စနစ်တကျဖြစ်အောင် ပြန်စီတာပဲ
ဖြစ်တယ်။ ဒီလိုလုပ်လိုက် စီလိုက်ရင် ကွန်ပျူတာကို အသုံးပြုရတာပိုပြီး
မြန်ဆန်လာမှာ ဖြစ်ပါတယ်။

ကဲ ... ဘယ်လိုလုပ်ရမလဲ ... လက်တွေ့ပုံလေးတွေနဲ့
လေ့လာရအောင် ...


1: Start ကိုနှိပ်လိုက်ပါ။

2: Control Panel



3: Perfomance Information and Tools



4: Advanced tools



5: Open Disk Defragmenter တစ်ချက်နှိပ်လိုက်ပါ။



6: Hard Disk (C:) ကိုအရင်စစ်ရအောင်

အောက်က ပုံစံလေး ပေါ်လာနေပါပြီ။ Defrag မလုပ်ခင်မှာ
Analyze Disk နဲ့ Hard Disk လေးကိုတစ်ချက် နှိပ်ပြီး အရင်
ဆုံးစစ်ဆေးရပါတယ်။



ခဏလေး ကြာရင် Defagment Disk လေးကိုတစ်ချက်နှိပ်ပြီး
စောင့်နေလိုက်ပါ။ မိနစ်အနည်းငယ် ကြာလိမ့်မည်။

အောက်က ပုံလေးက Defagment Disk လုပ်နေတဲ့
ပုံလေးဖြစ်ပါတယ်။



Hard Disk (C:) စစ်ပြီးသွားပြီဆိုရင်
Hard Disk (D:) ကိုလည်း ခုနာက ပြောထားအတိုင်း
ဆက်လက်စစ်လိုက်ပါ။ (E:) ကိုလည်းစစ်လိုက်ပါ။

အားလုံးစစ်ပြီးသွားပြီဆိုရင် မိမိဘယ်နေ့က Defrag တွေကိုစစ်ထားလဲ
ဆိုတာနေ့ရက် ၊ အချိန်တွေကို ကြည့်လိုက်ပါ။ Last Run အောက်မှာ
ဖော်ပြထားပါတယ်။ သေချာအောင် အောက်က ပုံလေးကို ကြည့်လိုက်ပါ။



ကဲ ... အားလုံးပြီးသွားပါပြီး Close ကိုပိတ်လိုက်ပါ။
အောက်က နောက်ထပ် တစ်နည်းကို ဆက်လက်လုပ်ဆောင်လိုက်ပါ။

နောက်တစ်နည်းဖြစ်တဲ့ မိမိကွန်ပျူတာ စက်ထဲက အမှိုက်တွေရှင်းတဲ့
နည်းလေးကို ဆက်လက်လုပ်ဆောင်လိုက်ပါ။

အမှိုက်တွေကို ရှင်းလင်းမယ့် နည်း (၄)နည်းကို ပြောပြပါမယ်။
သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေ
အတွက်ကတော့ အကျိုးရှိမှာ သေချာပါတယ်။

ပထမဆုံး လုပ်ဆောင်ရမှာက

( Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။ အဲဒီ Run box လေးပေါ်လာလိမ့်မယ်။
( မိမိ ကွန်ပျူတာတွင် Window ပုံလေးနှင့် R ကို နှိပ်ပါ။ တစ်ခါတည်း
အတူတူ နှိပ်ပါ။ Run box လေးပေါ်လာလိမ့်မည်။ )

1: Temp ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်လိုက်ပါ။

(Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။
2: %temp% ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်လိုက်ပါ။

(Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။
3: Prefetch ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်လိုက်ပါ။

(Window + R ) နဲ့ တွဲဖွင့်လိုက်ပါ။
4: Recent ရိုက်လိုက်ပါ။ ပီးရင်ပေါ်လာတဲ့ ဖိုင်တွေအားလုံးကို ဖျက်ပစ်လိုက်ပါ။

ဘာမှမကြောက်ပါနဲ့ ရဲရဲသာ ဖျက်လိုက်ပါ။ မိမိရဲ့ဖိုင်တွေတစ်ခုမှ မပါသွားပါဘူး။
မိမိ သုံးထားတဲ့ အမှိုက်တွေကို ဖျက်ပေးတာပါ။

ခဏလေး ပြောစရာတစ်ခု ကျန်သေးတယ်။ Recycle Bin ( အမှိုက်ပုံး )ထဲ က အမှိုက်တွေ
ကို ဖျက်လိုက်ဦးနော်။ ပြီးရင် Computer Restart လုပ်လိုက်ပါ။

ကဲ .... ဘယ်လိုလဲ ကွန်ပျူတာ မြန်သွားပြီ မဟုတ်လား ...
နောက်ဆို တစ်လတစ်ခါလောက်တော့ ဒီပုံစံအတိုင်း လုပ်ပေးပါနော်။
ဒါဆို ကွန်ပျူတာသုံးတိုင်း ဖိုင်တွေဖွင့်တိုင်း မြန်မြန်ဆန်ဆန် လေးနဲ့
လန်းလန်းလေး သုံးရပြီပေါ့ဗျာ။
ကျေနပ်တယ်ဟုတ် ........